ဒီကနေ့ပိုတိုရှော့နဲ့ Photoshop နဲ့ Animation လုပ်တဲ့နည်လမ်းလေး သင်ခန်းစာ လုပ်ကြည့်ရအောင်
ကိုယ်ရဲ့ဖုန်းမှာ (သို့) ကိုယ်ဆိုဒ်တွေမှာ Animation စာလုံးလေးတွေနဲ့ အလှဆင်ရအောင်ဗျာ
ဒီသင်ခန်းစာမှာ Adobe Photoshop CS3 Extended ကိုအသုံးပြုပြီးရှင်းပြပေးထားပါတယ်
ပထမဦးဆုံး Photoshop ဖွင်လိုက်ပါ။
File Menu က New ခေါ်လိုက်ပါ
Preset: မှာ Custom
Width: မှာ 7
Height:2
Resolution:300
Width:ညာဘက်မှာ inches ရွေးပေးပါ
(Web ဆိုဒ်သမားတွေကတော့ Pixelsနဲ့တွက်ရင်ပိုပြီး တိတိကျကျရမှာပါ။)
ပြီးရင် လိုချင်တဲ့စာရေးပါ။
စာရေးပြီးရင် Layer ကနေညာကလစ်နှိပ်ပြီးရင် Duplicate Layer...ကလစ်ပေးပါ
Duplicate Layer ဘောက်တက်လာရင် Ok ပေးလိုက်ပါ။ ခုဏရေးထားတဲ့ စာသားအတိုင်း ကော်ပီကူးလိုက်တာပါဘဲ
အဲဒိကော်ပီကူးလိုက်တဲ့ LayerCopy ကို ညာကလစ်ထောက် Bending Options...ဝင်လိုက်ပါ။
Layer Style ဘောက်ကလေးကျလာရင် Storke မှာအမှန်ခြစ်ပေး Size မှာ ( ... )px လိုသလောက်ထား
Color စိတ်ကြိုက်ပြောင်းပေးလိုက်ပေ့ါနော်။ အဲ့အတိုင်း ကိုယ်လိုချင်သလောက် အရောင်တွေကို
Duplicate Layer (or) Ctrl+J နဲ့ပွားပွားပြီး လိုသလောက် အရောင်ပွားယူထားပါ ။
လိုသလောက်ယူပြီးရင်တော့ Menu ဘားက Animation ခေါ်လိုက်ပါ။
အောက်ကလို Animation ဘားလေးကျလာရင်တော့
Duplicate Selected Frames(အနီရောင်ဝိုင်းပြထားပါတယ်) ကိုကလစ်ပေးပါ
အရောင်ပြောင်းထားတဲ့ စာသားလေးတွေတဆင့်ချင်းဖွင့်လိုက်ပါ ဒီနေရာမှာမျက်စိလည်နိုင်ပါတယ်
အောက်ကပြထားသလို Layer Box က
စာသားတခုရွေးပါ
Duplicate Selected Frames ကလစ်နှိပ်ပြီး ခေါ်လိုက်ရင် Animation
ဘားမှာစာတခုတိုးလာပါတယ် LayerBox ကရွေးပြီးသား စာသားLayerကို
မျက်လုံးပိတ်ထားပါ
ဒီလိုဘဲနောက် စာသားLayerကို အဆင့်ဆင့်ခေါ်ပြီးပြီဆိုရင်တော့။
ဒီလိုလေးဖြစ်ပြီဆိုရင်တော့ AnimationBox ထဲက စာသားလေးတွေကို အကုန်Selecte ပေးလိုက်ပါ။ကိုယ်လိုချင်သလောက်အရောင်ဖတ်တဲ့ အချိန်စက္ကန့် 0.1/0.2/0.3
ချိန်ညှိပေးလို့ရပါတယ်ဗျာ..
ပြီးရင် Selects Looping Options မှာ အနီရောင်ဝိုင်းပြထားပါတယ် Forever မှာအမှန်ဖြစ်ပေးလိုက်ပါ။
ကဲဒါဆိုရင် Save ဘို့ဘဲကျန်တော့ပါတယ် Animation ဖိုင် Save တဲ့နေရာမှာ ရိုးရိုး Save . Save As..
တို့နဲ့ သိမ်းလို့မရပါဘူးနော်.. Save For Web& Diveces..... နဲ့သိမ်းရပါမယ်..
Save Box ကျလာရင် အောက်မှာ ပြထားတဲ့အတိုင်းဘာမှ မပြင်ဘဲ Save လိုက်ပါနော်။။။
ကဲ Photoshop နဲ့ Animation ဒီတွင်ဘဲ နိဂုံးချုပ်ပါပြီနော် သူငယ်ချင်းတို့လဲ နှစ်သစ်မှာ Photoshop နည်းပညာတိုးတက်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ.....
MM Photoshop Tutorial
www.hanmoelwin.co.vu
0 comments:
Post a Comment