Pages

Subscribe:

လာခဲ့နော် Facebook ကို

Sunday, December 28, 2014

Photoshop နဲ့ဘားကုတ်လေးတွေဆွဲကြည့်ရအောင်

မင်္ဂလာပါ ဒီနေ့မိတ်ဆွေတွေကို ဘားကုတ်လေးတွေကို ပိုတိုရှော့နဲ့ဘယ်လိုလုပ်ရတယ်ဆိုတာ ပုံနှင့်တကွ

ရှင်းပြပေးသွားမှာဖြစ်ပါတယ် လိုက်ဖတ်ပြီးလုပ်ကြည့်ရင် ဘာမှမခက်ဘူးလို့ ပြောချင်ပါတယ်ဗျာ.

အခုလေ့ကျင့်ခန်းမှာတော့ Adobe Photoshop CS3 Extended ကိုအသုံးပြုပြီးရှင်းပြပေးထားပါတယ်ဗျာ...

ဟုတ်ပြီဗျာ Adobe Photoshop CS3 Extended  ဖွင့်လိုက်ပါ.

FileNew ခေါ်လိုက်ပါနော်။

FileNew မှာ Pixels ရွေးပေးပါ Width:800ထားပါ Height:700 Resolution:300 Background Contents: White အားလုံးချိန်ပြီးရင် Ok ပေါ့။
ပြီးရင် ToolBar ကနေ Rectangular Marquee Tool ယူလိုက်ပါ။ 

ကိုယ်လိုချင်တဲ့ ပုံစံအနေထားအတိုင်း မောက်နှိပ်ပြီးဆွဲယူလိုက်ပါ။

ပြီးရင် MenuBar က Filter>>>Noise>>>Add Noise ကိုယူလိုက်ပါနော်။

Add Noise ကိုယူပြီးရင် Amount:400 Gaussian အမှတ်ရွေးပေးလိုက်ပါ Mono Chromatic အားလုံးချိန်ပြီးပြီဆို OK 
အောက်ပုံလို အစက်မည်းလေးတွေ ရပြီဆို ဘေးမှာပေါ်နေတဲ့ Select ကို ညာကလစ် Deslect လုပ်ပေးလိုက်ပါနော်။
ပြီးရင် ToolBar က Single Row Marquee Tool ကိုယူလိုက်ပါ
အောက်ကပုံလေးအတိုင်း ကန်လန့်ဖြတ်ကြောင်းလေး ဆွဲပေးလိုက်နော် 
ပြီးရင် Toolbar က MoveTool ကိုယူလိုက်ပါ ဘားရဲ့အပေါ်ဆုံးကTool ပါ။ခုဏက Single Row Marquee Tool နဲ့ဆွဲထားတဲ့ Select အကြောင်းလေးကို အပေါ်အောက်အမဲစက် ဖြစ်နေတဲ့နေရာပြည့်အောင် ဆွဲကြယ်ပေးလိုက်ပါနော်...
ဒါဆိုရင် ဘားကုတ်တခုရပြီပေါ့နော် အထဲမှာနံပါတ် ရေးထည့်ဘို့အတွက် Rectangular Marquee Tool  ပြန်ယူပြီး ဘားကုတ်အောက်နား ကို Select ပေးလိုက်ပါ။

ပြီးရင် ကီးဘုတ်က Delete ခေါက်လို်က်ပါနော်။

ပြီးရင်နံပါတ်လေးတွေထည့်လိုက်ပေါ့ အိုကေပြီနော်.....
ဒီလောက်ဆိုရင် လုပ်တတ်လောက်ပြီလို့ ထင်ပါတယ် အားလုံးအဆင်ပြေကြပါစေဗျား......

ဟန်မိုးလွင်(အိမ်လွမ်းသူ)
MM Photoshop Tutorial

0 comments:

Post a Comment