===========================================================
3D-Frames Template.အလန်းလေး အရင် Download လုပ်လိုက်ပါအုံး အထဲမှာ Template 10 ခုပါတယ်ဗျာ
++++ဒီကောင်က သုံးမျိုးပါတယ်
+++ဒီကောင်က ဆယ်မျိုးတောင်မှ
ဒေါင်းလို့ရလာတဲ့ဖိုင်လေးဖြည်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာ အောက်မှာပုံနှင့်တကွ( ဖြေဆိုပါ/အဲလေမှားလို့)
ပုံတွေနဲ့ရှင်းပြပေးထားပါတယ် ....
ပထမဦးဆုံး ပိုတိုရှော့ကိုဖွင့်လိုက်ပါ ဒေါင်းလို့ရတဲ့ Psd ဖိုင်လေးကို File>>>Open>> Layer ဘောက်မှာ ကိုယ်စိတ်ကြိုက်ဖြစ်မဲ့ ဟာလေးတခုကို မျက်လုံးဖွင့်လေးလို်က်ပါ ကျွန်တော်က Wall.10 ရွေးလိုက်ပါတယ် စိတ်ကြိုက်ရွေးပြီးရင် Group Layer ကိုဖြည်ချလိုက်ပါ ။
ဘယ်လိုလုပ်ရမယ်ဆိုတာအောက်ကပုံကိုကြည့်ပါ.။
မျှားလေးတည့်တည့်ကို နှိပ်ရမှာပါ။
ပြီးရင် Smart Object Thumbnail Layer ကိုရှာပါ။အောက်ကပုံလိုလေးပါ။
အဲကောင်ကို Double Click ပါ အောက်ကလိုလေးဘောက်တခုကျလာရင် Ok ပေးလို်က်ပါ
အဲ့မှာဖိုင်တခုထပ်ပွင့်လာရင် အဲ့ဖိုင်အသစ်ထဲမှာ ကိုယ်ရဲ့ပုံလေး ထည့်ပြီး ပါ ကိုယ်ထည့်မဲ့ပုံမခေါ်ရသေးရင်
File>>>Open ပေ့ါ။
ပုံလေးဆွဲထည့် ပြီးရင် နေရာညှိချ လိုက်ပါ
အကွာအဝေးစိတ်ကြိုက်ချိန်ပြီးရင် Save လိုက်ပါ။
အားလုံးပြီးပြီဆိုရင်တော့ အောက်ကလိုပုံလေးတွေ လုပ်နိုင်ပြီလို့မျှော်လင့်ပါတယ် စာဖတ်သူ Photoshop ချစ်ပရိတ်သတ်များ
အဆင်ပြေပါစေ
ဟန်မိုးလွင်အိမ်လွမ်းသူ
0 comments:
Post a Comment